“မြေပြင်ဖြစ်သွားတဲ့ဗလီက သုံးလုံးရှိတယ်” (အင်တာဗျူး)

မြေလတ်အသံ၊ ဧပြီ ၁၊ ၂၀၂၅။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကို ခံခဲ့ရတဲ့အထဲမှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာလည်းအပါအဝင်ပါ။

ဒီငလျင်ဒဏ်ကြောင့် အစ္စလာမ်ဘာသာဝင် ၁၈၀ ကျော်သေဆုံးပြီး လူဦးရေ ၁,၀၀၀ ကျော်ထိခိုက် ဒဏ်ရာရကာ ဗလီတွေနဲ့ အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ရွာခံအစ္စလာမ်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

လက်ရှိအချိန်အထိလည်း အဲ့ဒီကျေးရွာမှာကူညီကယ်ဆယ်ရေးတွေလုပ်နေရပြီး ကျန်ရှိနေတဲ့ဒေသ‌တွေအတွက်လည်း အကူညီတွေလိုအပ်နေပါတယ်။

ဒီအခြေအနေတွေနဲ့တွေနဲ့ပတ်သက်ပြီး ငလျင်ဘေးကနေလွတ်မြောက်ခဲ့တဲ့ ဘုံးအိုးရွာသား ၁ ဦးကို မြေလတ်အသံကဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။